Myanmar Font(AYAR and ZAWGYI

Monday, May 21, 2012

ေမးမိတာမှားပါတယ်


မြေအောက်မီးရထားတစ်စီးပေါ်တွင် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးသည် အရက်စော်နံနေသော အရက်သမားတစ်ဦးနှင့် ယှဉ်တွဲ၍ ထိုင်နေရသည်။ ထိုအရက်သမား၏ အဝတ်အစားများသည် ညစ်ပေနေကြသည်။
မျက်နှာပေါ်တွင် မရိတ်ရသေးသော မုတ်ဆိတ်မွေးတို့ နံ့နံ့လည်း ရှိနေသည်။ သို့ရာတွင် နဖူးပေါ်၌ နှုတ်ခမ်းနီများနှင့် ပေကျံနေလေသည်။ ထိုအရက်သမား သည် ကြမ်းပြင်ပေါ်၌ လွှင့်ပစ်ထားသော သတင်းစာ တစ်စောင်ကို ကောက်ယူပြီး စိတ်ဝင်စားစွာ ဖတ်ရှုနေသည်။ ထို့နောက် အမူးသမားက ဘုန်းတော်ကြီး ဘက်သို့လှည့်ပြီး မေးလိုက်လေသည်။
ဖာသာ၊ အဆစ်ရောင်နာက ဘာကြောင့် ဖြစ်တာလဲ
ဤတွင် အကွက်ဝင်လာပြီဖြစ်သောကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးက ဖြေလိုက်လေ၏
ဒကာကြီးရယ်၊ လူ့ဘဝမှာ ဖြစ်ကတတ်ဆန်းနေတဲ့ လူတွေ၊ မကောင်းတဲ့အမျိုးသမီးတွေနဲ့ ပျော်ပါးနေတဲ့လူတွေ၊ အရက်သိပ်သောက်တဲ့လူတွေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုမစိုက်တဲ့လူတွေ၊ လူသားတွေအပေါ်မှာ စာနာစိတ်မထားတဲ့လူတွေမှာ ဖြစ်တတ်တယ်ကွဲ့
သောက်၊ တော်တော်ဆိုးတဲ့ ကိစ္စပဲ
အရက်မူးသမားက ဒေါသဖြင့် ရေရွတ်ပြောဆိုပြီး သတင်းစာကိုဆက်ဖတ်နေပြန်သည်။ ဤတွင် ဘုန်းတော်ကြီးက ထိုပုဂ္ဂိုလ် စိတ်မကောင်းဖြစ်သွားကြောင်း သိလိုက်ရသောကြောင့် နှစ်သိမ့်စကားကို ထပ်ပြောလိုက်လေသည်။
အေးကွာ၊ ကျုပ်ပြောတာ နည်းနည်းလွန်သွားတယ်။ ကျုပ်က အပြစ်ရှာချင်လို့ပြောတာ မဟုတ်ပါဘူး။ ဒကာကြီးမှာ အဆစ်ရောင်ရောဂါ ဖြစ်နေတာ ကြာပြီလား
ကျုပ်မှာ အဆစ်ရောင်ရောဂါ မရှိပါဘူးဗျာ။ ဟောဒီသတင်းစာက ပုပ်ရဟန်းမင်းကြီးမှာ အဲဒီရောဂါရှိနေတယ်ဆိုလို့ မေးမိတာပါ